💎 𝐆𝐈𝐀 စိန်တွေဝယ်ယူတဲ့အခါမှာ အမေးများကြတဲ့ 💎Premium Size နဲ့ Magic Size တို့ရဲ့ ကွာခြားချက်တွေက ဘာတွေလဲ❓ ဒီလိုမေးခွန်းတွေကို ဒီအပတ်ထဲက Knowledge Post လေးထဲမှာ ရှင်းပြပေးထားပါတယ်ရှင့် … 🥰
💎 Magic Size တွေကတော့ Discount များများရပြီး နေ့စဥ်ရောင်းဝယ်နေကျတဲ့ ရောင်းတန်းပဲ ဖြစ်ပါတယ်ရှင့်။ ဥပမာ (၅) မူးကိုက်တို့၊ (၁) ကာရက်တို့၊ (၂) ကာရက်တို့လိုမျိုး ဆိုဒ်ပြည့်စိန်ပွင့်တွေလို့ အလွယ်တကူ သတ်မှတ်လို့ရပါတယ်။
💎 Premium Size တွေကဘာကိုပြောတာလဲ? ပိုကောင်းတဲ့ စိန်ပွင့်တွေကို ပြောတာလား? ပိုကြီးတဲ့ စိန်ကိုပြောတာလား? တကယ်တော့ မဟုတ်ပါဘူး။
💎 ဥပမာအနေနဲ့ ပေးရမယ်ဆိုရင် Rapaport ရဲ့ (၅) မူးကိုက်ဇယားမှာ ကြည့်မယ်ဆိုရင်တော့ အပေါ်မှာရေးထားတဲ့စာထဲမှာ (0.5) ct အထက်ဖြစ်တဲ့ (0.60)ct ကနေ (0.69) ct အထိက Premium Size လို့ရေးထားပြီး Premium Charges ခ (7 to 10%) ပေးရမယ်လို့ဖော်ပြထားပါတယ်။ (အရှင်းလင်းဆုံးပြောရရင် Premium Size ဆိုတာ ကြားဆိုဒ် (ဒါမဟုတ်) ရှားပါးစိန်ဆိုဒ်တွေပဲ ဖြစ်ပါတယ်။)
✅ အပေါ်ကပြောခဲ့သလိုပဲ Premium Size နဲ့ Magic Size တို့ဘာတွေကွာခြားတာလဲဆိုရင် ရှင်းပါတယ်။ စျေးနဲ့ စိန်ဆိုဒ်ပဲ ကွာခြားတာပါ။ စိန်ဆိုဒ်မှာတော့ ဘာပြဿနာမှမရှိပေမယ့် စျေးနှုန်းအရဆိုရင်တော့ အတော်လေးစကားပြောသွားပါတယ်။ ဒါ့အပြင် “Grand Diamonds” စိန်တိုက်မှာ Premium Size စိန်ပွင့်တွေကို 💎 Premium Charges ခပေးစရာမလိုဘဲ Discount များများနဲ့ ရောင်းချပေးနေပါတယ်ရှင့်…🤩

