စိန်သွေးကွက်တွေ ဘယ်လိုဆင့်ကဲတိုးတက်ပြောင်းလဲ လာသလဲ …❓

သဘာဝတွင်းထွက်စိန်ကို အိန္ဒိယနိုင်ငံကစတင်ပြီး အဖိုးတန်ကျောက်မျက်ရတနာအဖြစ် အသုံးပြုခဲ့ရာကနေ (၁၃) ရာစုနောက်ပိုင်းမှာ ဥရောပတစ်ခွင် စိန်ကူးသန်းရောင်းဝယ်မှုတွေ ခေတ်စားလာခဲ့ပါတယ်။

ပထမဦးဆုံးစတင်သွေးခဲ့တဲ့ ပုံသဏ္ဍာန်က ရိုးရှင်းတဲ့ Point Cut ပုံစံ ဖြစ်ပြီးတော့ (၁၄) ရာစု အလယ်လောက်ကနေစပြီး Table Cut ပုံစံ ပြောင်းလဲလာခဲ့ပါတယ်။ စိန်ရဲ့ရှစ်မျက်နှာပုံ (နတ်သွေးပုံ) ပုံဆောင်ခဲရဲ့ထိပ်ကို အခြားပုံဆောင်ခဲနဲ့ ပွတ်တိုက်ခြင်းအားဖြင့် မျက်နှာပြင် ပိုမိုကျယ်ပြန့်လာပြီး တောက်ပအားပိုကောင်းတဲ့ Table Cut ပုံသဏ္ဍာန် ရရှိလာခဲ့ပါတယ်။

အောက်ခြေမှာ ပြားချပ်တဲ့ မျက်နှာပြင်ရှိပြီး အပေါ်ထိပ်မှာ သုံးမြှောင့်ပုံ မျက်နှာပြင်တွေ စုဆုံကြတဲ့ Rose Cut စိန်သွေးကွက်တွေကို (၁၆) ရာစု အစောပိုင်းကနေ စတင်တွေ့ရှိနိုင်ပါတယ်။ တောက်ပမှုအလွန်ကောင်းပေမယ့် မီးအားနည်းတဲ့ Rose Cut စိန်သွေးကွက်တွေဟာ (၁၉) ရာစုလောက်အထိ ဆန်းသစ်တဲ့ ပုံသဏ္ဍာန်ကြောင့် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီ ခိုင် ဖြစ်ခဲ့ပါတယ်။

(၁၆) ရာစုအစောပိုင်းမှာ သွေးကွက်မျက်နှာပြင် (၃၄) ကွက်ပါရှိတဲ့ Mazarin Cut ပေါ်ပေါက်ခဲ့ပါတယ်။ (၁၆) ရာစ အလယ်ခေတ်မှာတော့ Modern Round Shaped Brilliant Cut တွေရဲ့ မူလအခြေခံ တစ်ဖြစ်လဲ Single Cut တွေစတင် ပေါ်ထွန်းလာခဲ့ပါတယ်။

(၁၉၇၀) ပြည့်နှစ်များမှာ ဘရာဇီးနိုင်ငံကနေ စတင်ထုတ်လုပ်ခဲ့တဲ့ ခေတ်မီစိန်သွေးတဲ့ နည်းစနစ်များစွာ ပေါ်ပေါက်လာခဲ့ပါတယ်။ မျက်နှာပြင်မောက်၊ ချွန်းထူ၊ ချွန်းကြီးတဲ့ Old Mine Cut တွေကစပြီး အဝိုင်းပုံ ခါးပတ်လိုင်း စတင်ပါ၀င်လာတဲ့ (Brilliant Cut) ရဲ့ အစောပိုင်းပုံ Old European Cut သွေးကွက်တွေအထိ ပေါ်ထွန်းလာခဲ့ပါတယ်။

(၁၉၁၉) ခုနှစ် ရောက်ရှိလာခဲ့တဲ့အခါမှာတော့ တောက်ပမှု၊ မီးကောင်းမှု၊ အလင်း၊ အမှောင်ပြသမှုစတဲ့ အဘက်ဘက်က အရည်အသွေး ဖော်ထုတ်ချက်စစ်တမ်းတွေ အရ အကောင်းစား တန်ဖိုးကြီးစိန်လို့ သတ်မှတ်နိုင်တဲ့ စိန်သွေးကွက်တစ်မျိုး ပေါ်လာခဲ့ပါတယ်။ သူကတော့တခြားမဟုတ်ပါဘူး။ သွေးကွက်မျက်နှာပြင် (၅၈) ခုနဲ့ (Table Size, Crown Angel, Pavillion Angel) တွေပါဝင်ပြီး အခုအချိန်ထိ လူကြိုက်များရေပန်းစားနေတဲ့ အဝိုင်းပုံ (Rounded Shape) နဲ့ (Brilliant Cut) သွေးကွက်တွေပဲ ဖြစ်ပါတယ်။

စိန်ရဲ့တန်ဖိုးကို အကဲဖြတ်ရာမှာ ပဏာမအရေးကြီးတဲ့ စိန်သွေးကွက်တွေရဲ့ အဆင့်ဆင့်ပြောင်းလဲ လာပုံအကြောင်းကတော့ ဒီလောက်ပါပဲခင်ဗျာ။ “Grand Diamonds” စိန်တိုက်ကနေ အရည်အသွေးမြင့်တဲ့ စိန်ကောင်းစိန်သန့်တွေကို ရောင်းချပေးနေရုံသာမက Diamond Knowledge တွေကိုလည်း အပတ်စဉ်တင်ဆက်ပေးနေတာဖြစ်လို့ စောင့်မျှော်အားပေးဖို့ မမေ့ပါနဲ့နော် … 🥰

Leave a Reply