𝐂𝐞𝐫𝐭𝐢𝐟𝐢𝐜𝐚𝐭𝐞 ပါတဲ့ စိန်ချင်းတူတူ တစ်ခုနဲ့တစ်ခု ဘာလို့ဈေးမတူတာလဲ❓ ဈေးမတူဘူးဆိုတော့ 𝐐𝐮𝐚𝐥𝐢𝐭𝐲 လည်းမတူဘူးလား❓
“𝐆𝐫𝐚𝐧𝐝 𝐃𝐢𝐚𝐦𝐨𝐧𝐝𝐬”မှာ 𝐈𝐆𝐈 𝐍𝐚𝐭𝐮𝐫𝐚𝐥 𝐃𝐢𝐚𝐦𝐨𝐧𝐝𝐬 ကို စတင်ရောင်းချပြီဆိုကတည်းက 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 တွေ သိချင်နေကြတဲ့၊ မေးခွန်းထုတ်နေကြတဲ့ 𝐈𝐆𝐈 နဲ့ ပက်သက်တဲ့အကြောင်းအရာတွေကို ခုကစပြီး 𝐒𝐡𝐚𝐫𝐢𝐧𝐠 လုပ်ပေးချင်ပါတယ်။
• အဓိကအချက် 👉🏻 𝐆𝐈𝐀 နဲ့ 𝐈𝐆𝐈 ဘာကွာလဲ❓ 𝐆𝐈𝐀 ရဲ့ အရှည်ကောက်က 𝐆𝐞𝐦𝐨𝐥𝐨𝐠𝐢𝐜𝐚𝐥 𝐈𝐧𝐬𝐭𝐢𝐭𝐮𝐭𝐞 𝐨𝐟 𝐀𝐦𝐞𝐫𝐢𝐜𝐚 𝐈𝐆𝐈 ရဲ့ အရှည်ကောက်က 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐆𝐞𝐦𝐨𝐥𝐨𝐠𝐢𝐜𝐚𝐥 𝐈𝐧𝐬𝐭𝐢𝐭𝐮𝐭𝐞
နှစ်ခုလုံးက နိုင်ငံတကာ အသိအမှတ်ပြု 𝐋𝐚𝐛𝐨𝐫𝐚𝐭𝐨𝐫𝐲 များဖြစ်သည့်အလျောက် 𝐆𝐈𝐀 စိန်နဲ့ 𝐈𝐆𝐈 စိန်ဘာကွာလဲလို့ မေးခွန်းထုတ်ရင်တော့… 𝐋𝐚𝐛 တစ်ခုနဲ့ တစ်ခု 𝐆𝐫𝐚𝐝𝐞 ခွဲတဲ့ ပုံစံကွာခြားတာပဲ ရှိပါတယ်။ 𝟒𝐂𝐬 သတ်မှတ်တဲ့ 𝐆𝐫𝐚𝐝𝐞 ခြင်းကွာခြားတာမို့ 𝐆𝐈𝐀 ကြိုက်တဲ့သူနဲ့ 𝐈𝐆𝐈 ကို လက်ခံတဲ့သူတွေက နှစ်ခုလုံးက 𝐋𝐚𝐛 ပဲကွာပြီး 𝐍𝐚𝐭𝐮𝐫𝐚𝐥 𝐃𝐢𝐚𝐦𝐨𝐧𝐝𝐬 ပဲမို့ ဘာကိုပဲရွေးရွေး ကိုယ်ကြိုက်တာကို ရွေးချယ်ရုံပါပဲ။
• နောက်တစ်ခုက 👉🏻 𝐆𝐈𝐀 နဲ့ 𝐈𝐆𝐈 ဘာကွာလဲ❓ 𝐆𝐫𝐚𝐝𝐞 ခွဲခြားပုံချင်း မတူဘူးဆိုတော့ သေချာပေါက်ဈေးကွာတာပေါ့။ ဥပမာ – 𝐆𝐈𝐀 (𝟑) လုံးစီး 𝐈 𝐕𝐒𝟏 တစ်ပွင့်ကို လျှော့ပြီးဈေး (𝟏𝟎) သိန်းဝန်းကျင်ဆိုရင် 𝐈𝐆𝐈 (𝟑) လုံးစီး 𝐈 𝐕𝐒𝟏 တစ်ပွင့်ဆိုရင် (𝟕-𝟖) သိန်းဝန်းကျင်ပဲ ကျသင့်တော့မှာဖြစ်ပါတယ်။
အထူးသဖြင့် 𝐈𝐆𝐈 အပွင့်တွေဆိုရင် ပိုပြီး 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭% များများရတတ်လို့ ဈေးကပိုပြီး သက်သာပါတယ်။ ❗️𝐈𝐆𝐈 စိန်လို့ပြောရင် လူတော်တော်များများက 𝐋𝐚𝐛 𝐆𝐫𝐨𝐰𝐧 𝐃𝐢𝐚𝐦𝐨𝐧𝐝 လို့ပဲ ထင်ကြတာများပါတယ်။ တကယ်တော့ 𝐈𝐆𝐈 က 𝐍𝐚𝐭𝐮𝐫𝐚𝐥 𝐃𝐢𝐚𝐦𝐨𝐧𝐝𝐬 (သဘာဝစိန်အစစ်)တွေကိုလည်း 𝐆𝐫𝐚𝐝𝐞 ခွဲပေးသလို ဓာတ်ခွဲခန်းစိန်ဖြစ်တဲ့ 𝐋𝐚𝐛 𝐆𝐫𝐨𝐰𝐧 𝐃𝐢𝐚𝐦𝐨𝐧𝐝 တွေကိုလည်း 𝐆𝐫𝐚𝐝𝐞 ခွဲပေးပါတယ်။
အခုဆိုရင် 𝐆𝐈𝐀 နဲ့ 𝐈𝐆𝐈 ဘာကွာလဲဆိုတာ သေချာလေး သိသွားလောက်ပြီလို့ ထင်ပါတယ်။ 💎 အဲ့တော့ သင်က 𝐆𝐈𝐀 စိန်ကြိုက်တဲ့သူလား? 𝐈𝐆𝐈 စိန်ကြိုက်သူလား? ဆိုတာပြောပြပေးသွားပါဦးနော်

