မွိုက်ဇနိုက်စိန်နဲ့ စိန်အစစ်အကြောင်းလေး လူပြောများနေလို့ အလွယ်တကူ ဘယ်လိုခွဲမလဲဆိုတာလေး ပြောပြပေးမယ်နော်….
၁။ စိန် ရဲ့ ပွင့်အားက (၀.၀၄၄) ရှိပြီး မွိုက်ဇနိုက် ရဲ့ ပွင့်အားက (၀.၁၀၄) ရှိတာကြောင့် စိန်ထက် ၂ ဆ ပွင့်အားရှိပါတယ်..ဒါ့ကြောင့် မွိုက်ဇနိုက်ရဲ့ ပွင့်အားလျော့အောင် ကျောက်ရဲ့ သွေးကွက်ကို လျော့ပြီးသွေးထားရလို့ သူ့ရဲ့ သွေးကွက်တွေကို လက်ကိုင်မှန်ဘီလူးနဲ့ သတိထားပြီး ကြည့်တဲ့အခါမှာ ကျောက်သွေးကွက်တွေလျော့နေတာကို သိရှိနိုင်ပါတယ်ရှင်…
၂။ (Clarity) မွိုက်ဇနိုက် တွေဟာ လူလုပ်စိန် ဖြစ်တာကြောင့် သန့်စင်မှူ့ အပိုင်းမှာ သဘာဝစိန်အစစ်တွေထက် ပိုမို သန့်စင်ပြီး ပိုမို ဖြူဖွေးနေတက်ပါတယ်…
၃။ သိပ်သည်းဆ မှာလည်း (၃.၁၇) ဘဲရှိလို့ စိန်ထက် သိပ်သည်းဆ လျှော့နည်းပါတယ်…တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် စိန်ထက်အလေးချိန် ပေါ့နေပါတယ်ရှင်…
၄။ စိန်စစ် ကိရိယာ တွေမှာလည်း စိန်ကဲ့သို့ အသံမြည် ပြလေ့ရှိတက်လို့ (Moissanite Tester) ဆိုပြီး ထပ်မံ ပေါ်ထွက်လာတဲ့ မွိုက်ဇနိုက်စမ်းစက်ကိရိယာနဲ့နဲ့ လည်းစစ်ဆေးလို့ ရနေပါပြီ ရှင်…
၅။ ဒီလိုမျိုးအချက်တွေနဲ့ မလုံလောက်သေးဘူးဆိုရင်တော့ Lab မှာ ကိုယ်တိုင်သေချာသွားစစ်ဆေးဖို့အကြံပေးလိုက်ပါရစေရှင်….. စိန်ချစ်သူ Customer တို့အတွက် အလွယ်တကူခွဲခြားသိနိုင်ရန် မျှဝေပေးခြင်းဖြစ်ပါတယ်နော်…
ကဲ ….ဒီနေ့မှာတော့ မွိုက်ဇနိုက်စိန်နဲ့ စိန်အစစ်ခွဲနည်းလေးပြောပြရင်းနဲ့ 𝐆𝐫𝐚𝐧𝐝 𝐃𝐢𝐚𝐦𝐨𝐧𝐝𝐬 စိန်တိုက်မှာ ကွာလတီကောင်းတဲ့ 𝐍𝐚𝐭𝐮𝐫𝐚𝐥 𝐃𝐢𝐚𝐦𝐨𝐧𝐝𝐬 စိန်အစစ်များသာ ရောင်းချပေးပြီး မွိုက်ဇနိုက်စိန်( လုံးဝ) မရောင်းတဲ့ အကြောင်းလေးလည်း သတင်းကောင်းပါးလိုက်ပါရစေရှင်……

