“18K Gold ဆိုတာဘာလဲ……..”❓

18K (18 Karat) ရွှေဆိုသည်မှာ ရွှေ ၇၅% ပါတဲ့ သတ္ထုကိုခေါ်ဆိုခြင်းဖြစ်ပါတယ် … ။ ရွှေကို နိုင်ငံတကာတိုင်းတာမှုဖြစ်တဲ့ Karatage (Karat) ဆိုသောတိုင်းတာမှုဖြင့် သတ္ထုတစ်ခုအတွင်းရှိ ရွှေပါဝင်မှုကိုဖော်ပြလေ့ရှိကြပါတယ်။

18K ဆိုသည်မှာ ရွှေ နဲ့ တခြားသတ္ထုများဖြစ်သော ကြေး၊ ငွေ၊ နီကယ် (Nickel) စသည်တို့ ရောစပ်ထားခြင်းဖြစ်ပြီး လက်ဝတ်ရတနာ (အထူးသဖြင့် ကျောက်ထည်၊ စိန်ထည်) တို့တွင် 24K ဖြစ်သော ၁၆ပဲရည်ရွှေသီးသန့်ကို အသုံးပြုလျှင် ပျော့ပြီး အထည်မခိုင်ခံ့တာကြောင့် သုံးရာတွင်အဆင်မပြေနိုင်ပါဘူး။ ဒါကြောင့် လက်ဝတ်ရတနာအထည်များခတ်ရာမှာ 18K ကိုအသုံးပြုကြခြင်း ဖြစ်ပါတယ်။ 🥰✨

18K ရွှေကိုအသုံးပြုခြင်းဖြင့် အထည်ပိုကြံ့ခိုင်ရုံတင်သာမက စျေးလည်းပိုပြီးသက်သာပါတယ်။ တခြားသတ္ထုများကိုလည်း အချိုးမတူညီစွာ ရောစပ်ပြီး ရွှေရောင်အမျိုးမျိုးကိုဖန်တီးနိုင်ပါတယ်ရှင့် … 🪙✨

18K (Yellow Gold)၊ 18K (Rose gold)၊ 18K (White gold) ဆိုတဲ့ သတ္ထုတွေဟာ ရွှေ ကို ငွေ၊ ကြေး၊ စသည့်သတ္ထုများနဲ့ အချိုးအစားမတူညီစွာ ရောစပ်ထားခြင်းဖြစ်ပါတယ်။

ဥပမာ White Gold (ရွှေဖြူ) ကိုလိုချင်လျှင် တခြားအဖြူရောင်ဖြစ်စေသော Nickel,Silver,Palladium သတ္ထုများနှင့် ရောစပ်ရပါတယ်။ Rose Gold ရဲ့ ပန်းရောင် သမ်းနေတဲ့ အရောင်ကိုတော့ ကြေးနီများများရောစပ်ကာရရှိနိုင်ပါတယ်။

မြန်မာပန်းထိမ်ထွက်လက်ရာများကို ၁၃ပဲရည်အထည်လို့ သတ်မှတ်နိုင်ပြီးတော့ ဟောင်ကောင်လက်ရာအထည်များကိုတော့ 18Kလို့ ခွဲခြားသတ်မှတ်နိုင်ပါတယ်။ မြန်မာနိုင်ငံမှာတော့ 18K ထက် နည်းတဲ့ လက်၀တ်ရတနာတွေကို တွေ့ရအလွန်နည်းသော်လည်း နိုင်ငံတကာမှာတော့ 14K , 10K စသည့်သတ္ထုအအရောအစပ် များ ကိုပါ တွင်တွင်ကျယ်ကျယ်အသုံးပြုလာကြပြီ ဖြစ်ပါတယ်။

ခုပြောပြပေးသွားတဲ့ ရွှေအ‌‌ရောင်တွေထဲက လက်ဝတ်ရတနာတွေကို ဘယ်အရောင်နဲ့ဝတ်ရတာ အကြိုက်ဆုံးလဲဆိုတာ ပြောပြပေးသွားဦးနော်……..🤩✨

Leave a Reply