✨GIA Standard ကိုဘာလို့ လက်ခံသုံးစွဲသင့်သလဲ…?✨

GIA လို့ ပြောလိုက်တာနဲ့ စိန်ကို စိတ်ဝင်စားသူ တော်တော်များများ သိထားပြီးဖြစ်ကြမှာပါ။ ဒီတော့ ဒီ Post လေးမှာ GIA Standard ကို ပြန်ရှင်းပြတာထက် စျေးကွက်ထဲ ရောင်းကြဝယ်ကြတဲ့ အခါ GIA က သတ်မှတ်ထားတဲ့ စံနှုန်းတွေ အတိုင်းဘာလို့ ရောင်းသင့်၊ ဝယ်သင့် လဲဆိုတာလေးကို Grand Diamonds ကနေ မျှဝေပေးချင်ပါတယ်။

🔹နံပါတ် ၁ က တော့ ကျောက်မျက်ရတနာဝယ်ယူရောင်းချတယ်ဆိုတာ တစ်ကမ္ဘာလုံးနဲ့ ဆိုင်တာဖြစ်လို့ မိမိတစ်နိုင်ငံတည်းနဲ့ ကိုက်ညီတဲ့ အသုံးအနှုန်းမျိုးနဲ့ပဲ ဝယ်ယူရောင်းချနေမယ်ဆိုရင် မိမိက တခြားနိုင်ငံရောက်သွားရင်သော်လည်းကောင်း၊ တခြားနိုင်ငံမှ မိမိတို့ နိုင်ငံမှာ လာရောက်ဝယ်ယူရောင်းချမယ်ဆိုရင် လည်းကောင်း အခေါ်အဝေါ်တွေ မတူညီချင်းက အခက်အခဲတွေ ဖြစ်စေမှာပါ။

🔹နံပါတ် ၂ က တော့ အရည်အသွေးတစ်မျိုးတည်းကိုပဲ အခေါ်အဝေါ်တွေ ၁ ခုထက်မက ဖြစ်နေခြင်းက စျေးတန်းသတ်မှတ်ရာမှာ မတိကျ မမှန်ကန်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဝယ်သူတွေအနေနဲ့ လည်း မိမိတို့ လိုချင်တဲ့ စိန်အရည်အသွေးကို စျေးမှန်နဲ့ တိတိကျကျရရှိဖို့ ခဲယှဉ်းသွားမှာ ဖြစ်ပါတယ်။ GIA က သတ်မှတ်ထားတဲ့ စိန်အရည်အသွေးသတ်မှတ်ချက်တွေ အတိုင်း လိုက်နာကြမယ်ဆိုရင် ဒီလို အခက်အခဲတွေကနေ လွတ်ကင်းနိုင်ကြမှာပါ။

🔹နံပါတ် ၃ အနေနဲ့ စိန်တွေရဲ့ အရည်အသွေးကို မျက်စိနဲ့ကြည်ရုံနဲ့ ဒီစိန်ကတော့ဖြင့် D colour ပဲ၊ ဖြူသန့် ပဲလို့ တိတိကျကျ ပြောဖို့မဖြစ်နိုင်ပါဘူး။ GIA Standard နဲ့ ထုတ်လုပ်ထားတဲ့ Colour Grading Diamond Set တွေနဲ့ ယှဉ်တွဲပြီး တိုက်စစ်ကြည့်မှသာလျှင် စိန်တွေရဲ့ အရောင်သတ်မှတ်ကို တိတိကျကျ ရရှိနိုင်မှာ ဖြစ်ပါတယ်။

ခု ပြောပြခဲ့တဲ့ ၃ ချက်အပြင် GIA Standard ကို သုံးပြီး ဝယ်ယူရောင်းချတဲ့အတွက် တခြားသောအကျိုးကျေးဇူးတွေ အများအပြားရှိနေပါသေးတယ်။

Grand Diamonds စိန်တိုက်မှလည်း GIA Standard နဲ့ အညီ ဝယ်သူတစ်ဦးချင်စီအတွက် သင့်လျော်မယ့် စိန်များကို Colour, Clarity, Cutting အာမခံဖြင့် ရောင်းချပေးနေတာဖြစ်တဲ့အတွက် ယုံကြည်စိတ်ချစွာနဲ့ ဝယ်ယူနိုင်ကြပါပြီ။

Leave a Reply