“စိန်တွေ ဆိုင်မှာ ပိုတောက်ပပြီး အိမ်မှာ ဘာလို့ သိပ်မတောက်ပရတော့သလဲ…”

စိန်ဝယ်ယူသူတွေ ပြောတဲ့အထဲမှာ အပြောအများဆုံးကတော့ ဆိုင်မှာ ကြည့်တုန်းကတော့ စိန်ကလက်နေတာပဲ၊ အိမ်ကျတော့မှ သိပ်မလက်တော့ဘူး ဆိုတာပါပဲ။ အကြောင်းအရင်းကတော့ ရတနာဆိုင်တွေမှာ ဘေးပြင်ပကနေ ထိုးထားတဲ့ မီးစလိုက်တွေကြောင့်ပါပဲ။ မိမိအိမ်မှာ ရိုးရိုးအိမ်သုံးမီးနဲ့ ပဲဆိုတော့ စိန်က လက်အားသိပ်မရှိတော့သလို့ ဖြစ်သွားတာပါ။

ဒီလိုမျိုးကွဲပြားခြားနားမှုတွေ နည်းပါးအောင် ဝယ်ယူသူတွေဖက်က လုပ်နိုင်တာကတော့ ဆိုင်တွေမှာ စိန် သို့မဟုတ် စိန်ထည်တွေ ရွေးရင် ပြင်ပမီးစလိုက်တစ်ချို့နဲ့ ဝေးတဲ့ နေရာမှာကြည့်ဖို့ပါပဲ။ တစ်ချို့ဆိုင်တွေမှာ လည်း မီးစလိုက်တွေ ခေတ္တခဏ ပိတ်ခိုင်းကြည့်ပြီး စိန်ကို သေချာစွာ စစ်ဆေးကြည့်ပါ။

စိန်တစ်ပွင့်ကို လက်အား၊ တောက်ပအား ကောင်းမကောင်းကို ကြည့်ဖို့အတွက်ဆိုရင် 6500 kelvin ရှိတဲ့ Daylight လို့ခေါ်တဲ့ မီးအဖြုနဲ့ ကြည့်ရပါတယ်။ မီးစလိုက်တွေကလည်း 6500 kelvin တွေ ထွန်းထားကြတာပါပဲ၊ သို့သော် အရမ်း Watts များစွာနဲ့ စုပြုံပြီးထိုးလိုက်တဲ့အခါ စိန်မှမဟုတ်၊ အခြားတောက်ပြောင်တဲ့ အရာဝထ္ထုများပါ ပိုပြီး တောက်ပနေမှာပါ။ သို့အတွက် မီးစလိုက်များကို ပိတ်ပြီး၊ ရိုးရိုးမီးအဖြုနှင့် သာ ကြည့်ရှုသင့်ပါတယ်။

စိန်ရဲ့ တောက်ပအားအပြင်၊ မီးအား Dispersion − စိန်မှ အလင်းအရောင်မျိုးဆုံ ဖြာထွက်မှုကို ကြည့်ဖို့အတွက်ဆိုရင်တော့ မီးအဝါကို အသုံးပြုပြီး ကြည့်ရမှာ ဖြစ်ပါတယ်။ အချို့စိန်တွေအား တောက်ပအား အရမ်းကောင်းပြီး၊ မီးအားဖြာထွက်မှု နည်းနေတတ်ပါတယ်။ တောက်ပအားရော၊ ဖြာထွက်အားပါ ပြည့်စုံတဲ့ Excellent cutting စိန်တွေကိုပဲ ရွေးချယ်ပြီး ဝယ်ယူသင့်ပါတယ်။

Leave a Reply