စိန်တွေမှာပေါက်စျေးရှိလား ❓

💎 စိန်ချစ်သူတွေမေးလေ့ရှိတဲ့ စိန်တွေမှာပေါက်စျေးရှိလား ဘယ်လိုကြည့်ရှုနိုင်မလဲဆိုတာ ဒီနေ့ရဲ့ Knowledge Post ထဲမှာ ဖော်ပြပေးသွားပါမယ်။

စိန်တွေရဲ့ သတ်မှတ်ချက်အရ ရွှေတွေနဲ့ မတူညီတာက ရွှေတွေလိုအချိန်နဲ့အမျှပြောင်းလဲနေတာမျိုးမရှိပါဘူး၊ တစ်ပတ်တစ်ခါ Rapaport လို့ခေါ်တဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ အသိအမှတ်ပြုစိန်စျေးသတ်မှတ်ချက်အပေါ်မူတည်ပြီး စျေးနှုန်းသတ်မှတ်ကြပါတယ်။ 📃💎

Rapaport ပေါ်အခြေခံပြီး စျေးနှုန်းသတ်မှတ်ပေးတဲ့ အခါမှာ Certificate ပေါ်မူတည်ပြီး စျေးနှုန်းကွာခြားမှုလေးတွေရှိနိုင်ပါတယ်။ ဥပမာ GIA ဆိုစျေးအကြီးဆုံး ဖြစ်ပြီး IGI တို့ AGS လောက်ဆိုရင် စျေးနှုန်းပို သက်သာစွာ ဝယ်ယူနိုင်မှာပဲဖြစ်ပါတယ်။

💎 “𝐆𝐫𝐚𝐧𝐝 𝐃𝐢𝐚𝐦𝐨𝐧𝐝𝐬” စိန်တိုက်မှာဆိုရင်လည်း Instock ရောင်းချပေးနေတဲ့ GIA စိန်ပွင့်တွေရဲ့ ပေါက်စျေးတွေကို GIA Update List များအနေဖြင့် တစ်ပတ်တစ်ခါ Sharing လုပ်ပေးနေတာပဲဖြစ်ပါတယ်။

💎အကျိုးရှိမယ်လို့ယုံကြည်ပါတယ် လှပပြီးအဖိုးနဲ့ ထိုက်တန်တဲ့ရတနာတွေလူတိုင်း ပိုင်ဆိုင်နိုင်ပါစေ

Leave a Reply