စိန်တွေရဲ့ အလေးချိန်ကို ဘာနဲ့တိုင်းတာသလဲ ❓

💎 စိန်တွေရဲ့ အလေးချိန်ကို International Scale တစ်ခုဖြစ်တဲ့ Carat (ကာရက်) နဲ့ ယေဘုယျအားဖြင့် တိုင်းတာကြပါတယ်။ Carat (ကာရက်) ဆိုတာဟာ Locust Tree ဖြစ်တဲ့ Carob Seed ကနေ ဆင်းသက်လာတဲ့ Diamond Scale တစ်ခုဖြစ်ပါတယ်။

ရှေးရှေးတုန်းကကျောက်မျက်ကုန်သည်တွေဟာ သေးငယ်တဲ့ ကျောက်မျက်တွေရဲ့ အလေးချိန်ကို တိုင်းတာနိုင်ဖို့အတွက် Counterweights ပြန်ထောက်နိုင်တဲ့ Uniform Seeds လေးတွေကို အသုံးပြုခဲ့ရာကနေ Carat Scale ဖြစ်ပေါ်လာရပါတယ်။ စိန်တစ်မျိုးတည်းအတွက်တင် မဟုတ်ဘဲ အခြားသော ကျောက်မျက်အမျိုးအစား အများစုအတွက်ပါ Carat Scale ကို အသုံးပြုကြပါတယ်။ Metric Carat မှာ 100 points ရှိပြီးတော့ Carat ရဲ့ Abbreviation (အတိုချုံ့အရေးအသား)က ct. Point ရဲ့ Abbreviation (အတိုချုံ့အရေးအသား)က pt. ဖြစ်ပါတယ်။

Diamond Metric Unit တွေက ✅1 ct = 0.20 gram = 1.1 Rati (ရတီ) ✅1 rati = 0.91 ct ✅1 gram = 5 ct ✅1 Ounz = 142 ct ✅1 ct = 100 points (ဒဿမ နှစ်နေရာဖြတ် 0.01) တို့ပဲဖြစ်ကြပါတယ်။

အရွယ်အစားကြီးပြီး အလေးချိန်စီးတဲ့ စိန်တွေဟာ အရွယ်အစားသေးတဲ့ စိန်တွေထက် ပိုမိုရှားပါးပြီး အဖိုးတန်ကြပါတယ်။ ဒါပေမယ့်လည်း အရွယ်အစား၊ အလေးချိန်နဲ့ စိန်တန်ဖိုးဟာ တိုက်ရိုက်အချိုးကြတာတော့ မဟုတ်ပါဘူး။ အရွယ်အစား၊ အလေးချိန်တူသော်ငြားလည်း 4 Cs စံနှုန်းနဲ့ တိုင်းတာလိုက်တဲ့အခါမှာ အရည်အသွေးပိုသာတဲ့ စိန်က ပိုတန်ဖိုးကြီးသွားတတ်ပါတယ်။ တစ်နည်းအားဖြင့် စိန်တုံးတစ်တုံးဟာ ကနဦးစဖြတ်ကတည်းက သွေးကွက်မညီဘူးဆိုရင် အရွယ်အစား၊ အလေးချိန် ဘယ်လောက်စီးစီး တန်ဖိုးပိုမတတ်လာနိုင်ပါဘူး။

အခုဝေမျှပေးချင်တဲ့ အကြောင်းအရာလေးကတော့ ဒီလောက်ပါပဲရှင်။ ကျွန်မတို့ “Grand Diamonds” စိန်တိုက်မှာလည်း အလေးချိန်၊ အရွယ်အစားအလိုက် 4 Cs စံနှုန်းပြည့်မီတဲ့ စိန်ကောင်းစိန်သန့်တွေကို အဖိုးတန်၊ ဈေးမှန်စွာနဲ့ ရောင်းချပေးနေတာဖြစ်တာကြောင့် တစ်ခါတစ်လှည့် ကြွလှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

Leave a Reply