အရောင်မှိန်လာတဲ့ သင့်ရဲ့စိန်ထည်တွေကို ဘယ်လိုမျိုး သန့်စင်ရမလဲ❓

💎 စိန်ချစ်သူတို့အတွက် ဒီနေ့မှာတော့ “𝐆𝐫𝐚𝐧𝐝 𝐃𝐢𝐚𝐦𝐨𝐧𝐝𝐬” က အိမ်မှာတင် Household ပစ္စည်းလေးတွေ သုံးပြီး စိန်ထည်တွေကို အလွယ်တကူ ဘယ်လိုဆေးကြောရမလဲဆိုတာ ပြောပြပေးမယ်နော်

လိုအပ်သောပစ္စည်းများ👇🏻 1.ရေခွက်တစ်ခွက် 2.အပျော့စားဆပ်ပြာ 3. ဇွန်း 3.သွားပွတ်တံ 4.အဝတ်သန့်

𝐒𝐭𝐞𝐩 (𝟏) – ရေခွက်ထဲသို့ အပျော့စားဆပ်ပြာ အနည်းငယ် ထည့်ပါ။ 𝐒𝐭𝐞𝐩 (𝟐) – ဆပ်ပြာများပျော်ဝင်သွားအောင် ဇွန်းဖြင့် နှံ့စပ်အောင် မွှေပေးပါ။ 𝐒𝐭𝐞𝐩 (𝟑) – အချိန်ခဏ ကြာပြီးတဲ့နောက် ထိုဆပ်ပြာရည်ထဲသို့ ဆေးမည့်စိန်ထည်ကို ထည့်ပါ။ 𝐒𝐭𝐞𝐩 (𝟒) – ထို့နောက် သွားပွတ်တံနုနုလေးဖြင့် ညင်သာစွာ ပွတ်တိုက်ပါ။ 𝐒𝐭𝐞𝐩 (𝟓) – ရေသန့်နှင့် ဆပ်ပြာရည်များပြောင်သွားအောင် ပြန်ဆေးပေးပါ။ 𝐒𝐭𝐞𝐩 (𝟔) – အဝတ်သန့်သန့်လေးဖြင့် ခြောက်သွေ့အောင် သုတ်ပေးပါ။

ဒါဆိုရင်တော့ ဆိုင်ကဝယ်ဝယ်ချင်းအတိုင်း ကိုယ်ရဲ့ စိန်ထည်လေးတောက်ပနေတာကို မြင်ရပါပြီ။ ✨ ဒီလိုနည်းလမ်းနဲ့ တန်ဖိုးကြီးမားပြီး အရည်အသွေးကောင်းတဲ့ လူကြီးမင်းတို့ရဲ့ စိန်ထည်လေးတွေကို သေချာလေးထိန်းသိမ်းကြရအောင်နော်။

Leave a Reply