လူကြီးမင်းက စိန်ဝယ်ဖို့စဥ်းစားနေပြီဆိုရင် စိန်မှာကာလာအုပ်စုဘယ်နှစ်စုရှိလဲ ? အဲ့ဒီအုပ်စုထဲမှာဘယ်လိုအရောင်တွေရှိလဲ? ဒီလိုမျိုး စိန်ရဲ့ကာလာနဲ့ပတ်သက်ပြီး သိထားဖို့လိုပါမယ်နော်။ 🔹 ဒီနေ့မှာတော့ စိန်အကြောင်းသိတဲ့စိန်ချစ်သူတွေအတွက်ရော မသိသေးတဲ့လူကြီးမင်းတွေအတွက်ပါ ဗဟုသုတရစေမယ့် စိန်ရဲ့ကာလာအုပ်စုလေးတွေအကြောင်း ပြောပြပေးမှာပဲဖြစ်ပါတယ်ရှင်။
🔹 စိန်မှာ ကာလာအုပ်စု (𝟓) စု ရှိပါတယ်။ ဒါတွေကတော့ 𝟏. 𝐂𝐨𝐥𝐨𝐫𝐥𝐞𝐬𝐬 (𝐃, 𝐄, 𝐅) – ဖြူသန့်နေသောစိန် 𝟐. 𝐍𝐞𝐚𝐫 𝐂𝐨𝐥𝐨𝐫𝐥𝐞𝐬𝐬 (𝐆, 𝐇, 𝐈, 𝐉) – အရောင်အနည်းငယ်မျှသာပါပြီးမသိသာသောစိန် 𝟑. 𝐅𝐚𝐢𝐧𝐭 (𝐊, 𝐋, 𝐌) – ဝါဆီအနည်းငယ်ပါသောစိန် 𝟒. 𝐕𝐞𝐫𝐲 𝐋𝐢𝐠𝐡𝐭 (𝐍, 𝐎, 𝐏, 𝐐, 𝐑) – ဝါဆီကိုမြင်နိုင်သောစိန် 𝟓. 𝐋𝐢𝐠𝐡𝐭 (𝐒 𝐭𝐨 𝐙) – ဝါဆီကိုအလွယ်တကူမြင်နိုင်သောစိန် ဆိုပြီး အုပ်စု (𝟓) စုအနေနဲ့ ကာလာအမျိုးအစားတွေကို အလွယ်တကူသိရှိနိုင်ပါတယ်ရှင်။
💁♀️ တစ်ချို့ကလည်းဖြူသန့်နေတဲ့ (𝐂𝐨𝐥𝐨𝐫𝐥𝐞𝐬𝐬) စိန်ကိုမှကြိုက်ကြတာရှိသလို တစ်ချို့ကလည်း ဝါဆီ၊ ညိုဆီပါတဲ့ စိန်ပွင့်လေးတွေကိုမှ ကြိုက်တတ်ကြပါတယ်နော်။
✅ ဒါဆိုရင်တော့ စိန်ဝယ်တဲ့နေရာမှာ အရေးကြီးတဲ့ စိန်ရဲ့ 𝐂𝐨𝐥𝐨𝐫 အုပ်စုအကြောင်းကို သိရှိသွားလောက်မယ်လို့ထင်ပါတယ်ရှင်။ 💎 “𝐆𝐫𝐚𝐧𝐝 𝐃𝐢𝐚𝐦𝐨𝐧𝐝𝐬” စိန်တိုက်ကြီးမှာဆိုရင်လည်း ကာလာနဲ့သန့်စင်မှုတွေအပေါ်မူတည်ပြီး 𝐆𝐈𝐀 𝐃𝐢𝐚𝐦𝐨𝐧𝐝𝐬 တွေရော 𝐍𝐚𝐭𝐮𝐫𝐚𝐥 𝐃𝐢𝐚𝐦𝐨𝐧𝐝𝐬 တွေရော အမျိုးအစားစုံလင်လို့ စိန်ချစ်သူတို့စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်မှာပဲဖြစ်ပါတယ်ရှင်။

