“ စိန်အရောင်တွေကို ဘယ်လိုရွေးချယ်မလဲ” … 💎❓

လက်ဝတ်ရတနာတွေထဲမှာမှ သင်က စိန်ဆိုတဲ့ ရတနာကို ဝယ်မယ်လို့ စဉ်းစားနေပြီဆိုရင်တော့ စိန်အရောင်အကြောင်းကိုလည်း သိထားဖို့ လိုလိမ့်မယ်နော် … ✨

စိန်အရောင်အမျိုးအစားအလိုက် D to Z ဆိုပြီးရှိပါတယ် ဒါတွေကတော့

D to F – အရောင်မဲ့စိန် (တစ်နည်းပြောရရင်တော့ အဖြူရောင်စိန် သန့်သန့်လေးပေါ့) G to J – အရောင်အနည်းငယ်မျှပါတဲ့စိန် နဲ့ K to Z – အဝါရောင်ဖောက်တဲ့စိန် (စကားအရပြောမယ်ဆို အဆီအနည်းငယ်ပေါက်တဲ့ စိန်လေးပေါ့) တို့ပဲဖြစ်ပါတယ်။

စိန်အရောင်အသွေး ပေါ်လွင်စေဖို့အတွက်ဆိုရင် သင့်အနေနဲ့ စဉ်းစားရမှာက ၁ carat မကျော်တဲ့ စိန်ထည်ကို ရွေးချယ်လိုက်ပီဆိုရင် သင့်အနေနဲ့ G to J အမျိုးအစားကို ရွှေးချယ်သင့်ပါတယ် … 🥰

အကယ်လို့များ သင်က ၁ carat ကျော်တဲ့ စိန်ထည် လက်ဝတ်ရတနာကို ဝယ်ယူတော့မယ် ဒါမှမဟုတ် ပြုလုပ်တော့မယ် ဆိုရင် D to F အမျိုးအစား အရောင်မပါတဲ့ စိန်ဖြူသန့်သန့်လေးတွေကို ရွေးချယ်မယ်ဆို ပိုကောင်းပါလိမ့်မယ် အကြောင်းကတော့ အရောင်မပါတဲ့ စိန်ဖြူလေးတွေက ပိုပြီးတော့ တောက်တောက်ပပဖြစ်စေပြီး လူတွေရဲ့ အာရုံစိုက်မှုကိုလည်း အပြည့်အဝရမှာ အသေအချာပါပဲနော် … 🤩

စိန်အရောင်တွေထဲမှာမှ အဖြူရောင် (အရောင်မဲ့) စိန်ထည်လေးတွေကို လူကြိုက်များကြတာ တွေ့ရတတ်ပေမယ့်လည်း လူငယ်ပိုင်းလေးတွေ အနေနဲ့ကတော့ ဆန်းသစ်တဲ့ ပန်းရောင်၊ အဝါရောင်၊ အပြာရောင်စတဲ့ fancy color diamonds လေးတွေကိုလည်း ကြိုက်တတ်ကြပါတယ်။

ဒါလေးတွေကတော့ စိန်ဝယ်တော့မယ်ဆိုရင် ရွေးချယ်သင့်တဲ့ အရောင်အကြောင်းလေးတွေက ဘာတွေဖြစ်မလဲဆိုတာကို Grand Diamonds မှ သင်တို့အတွက် ပြန်လည်ဝေမျှသွားပေးတာပဲဖြစ်ပါတယ်ရှင့်။

Leave a Reply