ဒီတစ်ပတ်မှာတော့ စိန်ချစ်သူတို့အကြိုက် အဝယ်အများဆုံးဖြစ်ကြတဲ့ 𝐆𝐈𝐀 Certificate ပါ စိန်တွေထဲကမှ ဘယ်စိန်အရောင်က နိုင်ငံတကာမှာ ရောင်းအားအကောင်းဆုံးဖြစ်နေလဲဆိုတာကို ဗဟုသုတအနေနဲ့ မျှဝေပေးသွားမှာဖြစ်လို့ အဆုံးထိ ဖတ်ကြည့်ပေးသွားပါဦးနော်….🥰
💎 ပထမဆုံးအနေနဲ့ (Gemological Institute of America) လို့ခေါ်တဲ့ GIA ရဲ့ Diamond Color Grading System အရ အရောင်သတ်မှတ်ချက်အဆင့်တွေကို ပြောပြပေးသွားပါမယ်။
🔹 1. DEF – Colorless D to F အုပ်စုကိုတော့ အရောင်မဲ့စိန်တွေလို့ လူသိများကြပြီး တစ်နည်းအားဖြင့် ပြောရရင်တော့ အဖြူရောင်စိန် သန့်သန့်လေးတွေလို့ ပြောလို့ရပါတယ်။
🔹 2. GHIJ – Near Colorless G to J အုပ်စုကိုတော့ အရောင်မရှိသလောက် နည်းပါးတဲ့အုပ်စုလို့ ခေါ်ကြပြီး ဈေးကွက်မှာ အတော်လေးကို အဝယ်များကြပါတယ်။
🔹 3. KLM – Faint K to M အုပ်စုကတော့ အဝါရောင်ဖောက်တဲ့စိန်အုပ်စုဖြစ်ပြီး အထည်ခတ်တဲ့အခါမှာ ရွှေရောင်နဲ့တွဲခတ်မယ်ဆိုရင်လှတဲ့ ကာလာအုပ်စု ဖြစ်ပါတယ်။
🔹 4. N to R – Very Light N to R ကာလာအုပ်စုကတော့ အဝါရောင်သန်းတဲ့စိန်တွေလို့ ပြောလို့ရပြီး တစ်ချို့တွေ ရတနာခတ်လုပ်သူများ အသုံးပြုတာကိုလည်း မြင်တွေ့ရတတ်ပါတယ်။
🔹 5. Light Yellow S to Z ကတော့ အဝါရောင်ကိုမှ ထင်ထင်ရှားရှားမြင်ရတဲ့ စိန်အုပ်စုပဲ ဖြစ်ပါတယ်။
ကဲ စိန်အရောင်တွေလည်း သိပြီဆိုရင် ဘယ်အရောင်ကို ရွေးချယ်သင့်လဲ ❓
စိန်အရောင်တွေကို ရွေးချယ်တဲ့နေရာမှာတော့ ကိုယ့်ရဲ့ အကြိုက်၊ ကိုယ်သုံးမယ့် Budget နဲ့ ကိုယ်လိုချင်တဲ့ ဒီဇိုင်းတွေကို ထည့်သွင်းစဥ်းစားဖို့က အရေးအကြီးဆုံးပါပဲ။
✨ ဥပမာအားဖြင့် ကိုယ်က Quality ကောင်း၊ ဖြူသန့်တာမျိုးသုံးချင်တယ်ဆိုရင်တော့ D to F အုပ်စုထဲက ရွေးချယ်သင့်ပြီး၊ အရည်အသွေးလည်းကောင်းမယ်၊ ဈေးလည်းသင့်တာလိုချင်တာဆိုရင်တော့ G,H Color ကို ရွေးသင့်သလို ဈေးနှုန်းလည်းချိုသာပြီး အထည်ခတ်ဖို့အတွက်လည်း အဆင်ပြေချင်တာဆိုရင်တော့ I,J Color တွေကို ရွေးချယ်သင့်ပါတယ်။ ✅👍
ဝယ်ယူသူများအတွက် အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်တဲ့ G, H Color တွေကတော့ နိုင်ငံတကာ ဈေးကွက်မှာ အရောင်းရဆုံး စိန်ကာလာတွေပဲ ဖြစ်ပါတယ်။ “Grand Diamonds” စိန်တိုက်မှာဆိုရင်တော့ ဈေးနှုန်းသင့်တင့်ပြီး အထည်ခတ်ဖို့ အကောင်းဆုံး I,J Color တွေက ရောင်းအားအကောင်းဆုံး ဖြစ်ပါတယ်။
ကဲ… ဒီလောက်ဆိုရင် စိန်အရောင်နဲ့ပတ်သက်ပြီး အတော်လေးကို သိရှိသွားကြမယ်ထင်ပါတယ်။

