ဒီနေ့ Knowledge Post လေးမှာတော့ စိန်ချစ်သူတိုင်း သိထားသင့်တဲ့ “စိန်ထဲကို အရောင်တွေဘယ်လို ဝင်ရောက်လာသလဲ ” ဆိုတာကို ဖော်ပြပေးသွားပါမယ်။
ပထမဦးဆုံး သိထားသင့်တဲ့ အချက်ကတော့ စိန်တွေဖြစ်ပေါ်လာပုံပါ စိန်တွေဟာကမ္ဘာ့မြေမျက်နှာပြင်အောက် ကီလိုမီတာပေါင်း (၉၀) ဝန်းကျင်မှာ ကာဗွန် တွေဟာ “High Temperature High Pressure” လို့ခေါ် တဲ့ အလွန်ပြင်းထန်တဲ့ အပူချိန်တွေကြောင့် စိန်တွေဖြစ်ပေါ်လာရတာပါ…💎‼️
✨💎 စိန်အဖြစ်ပြောင်းလဲနေတဲ့ အခြေအနေမှာ အနီးအနားမှာရှိတဲ့ Carbon Atom အပြင် အခြားသော အများဆုံးတွေ့ရှိရတဲ့ (Nitrogen) ဒြပ်စင်တွေနဲ့ ရောနှောမိပြီး အနည်းအများ ပါဝင်မှုအပေါ်မူတည်ကာ ဝါဆီ၊ညိုဆီ အစရှိတဲ့ ကာလာတွေဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်။
💎 (Nitrogen) အပြင်အခြားသော ဒြပ်စင်တွေနဲ့ ရောနှောမိပြန်ရင်လည်း မတူညီတဲ့ အရောင်နဲ့ စိန်တွေဖြစ်ပေါ်တတ်ပါသေးတယ်။ ဥပမာ Boron ဆိုတဲ့ Atom က စိန်ထဲပါဝင်သွားတဲ့အခါ တစ်ခါတစ်လေမှာ Color Less စိန်ပွင့်တွေအပြင် တစ်ခါတစ်လေမှာ အပြာရောင်စိန် နိုင်ငံတကာမှာ (Hope Diamond) လို့ခေါ်တဲ့ အရမ်းကိုမှရှားပါပြီး အလွန်အဖိုးတန်တဲ့ စိန်အရောင်တွေဖြစ်လာပါတယ်… ‼️
✨အကျိုးရှိမယ်လို့ယုံကြည်ပါတယ် လှပပြီးအဖိုးနဲ့ ထိုက်တန်တဲ့ရတနာတွေလူတိုင်း ပိုင်ဆိုင်နိုင်ပါစေ✨

