စိန်တစ်ပွင့်ထဲကို သေချာကြည့်မယ်ဆိုရင် စိန်သွေးကွက်တိုင်းက အရောင်ပြန်တောက်ပ မနေတာကို မြင်ကြရမှာပါ။ ဘာလို့လဲ အဲ့ စိန်က မကောင်းလို့လား၊ အဲ့လိုတော့လည်း မဟုတ်ပါဘူး။ 🤗
လင်းနေတဲ့သွေးကွက်လေးတွေနဲ့ မှောင်နေတဲ့သွေးကွက်လေးတွေ စီစီရီရီ သူ့နေရာနဲ့ သူရှိနေတာဟာ စိန်တစ်ပွင့်ရဲ့ အလှအပကို ပိုလို့ တိုးစေပါတယ်။ သို့သော် Pattern တစ်ခုလို မဟုတ်ပဲ မညီမညာ ဖြစ်နေရင်တော့ စိန်ရဲ့ သွေးကွက်ညံ့တယ်၊ အလှအပ လျော့နည်းတယ်လို့ သတ်မှတ်ရမှာပါ။
စိန်ရဲ့ သွေးကွက်မျက်နှာပြင်တွေ အလင်းနဲ့ အမှောင် ညီညွတ်ခြင်းကို Scintillation – တောက်ပမှုညီမျှခြင်း 🌗 လို့ ခေါ်ပါတယ်။ အဲ့လို့ ညီညွတ်စေအောင် စိန်တွေရဲ့ သွေးကွက်တွေက နေရာတိကျမှု၊ အကွာအဝေးတိကျမှု၊ အရွယ်အချိုးအစားများ တိကျမှန်ကန်ရပါမယ်။ ထိုသို့ကိုက်ညီအောင် သွေးထားတဲ့ စိန်မှသာ ကြည့်ရှုသူအနေနဲ့ လှုပ်ရှားပြီးကြည့်လိုက်တဲ့အခါ စိန်ရဲ့ သွေးကွက် မျက်နှာပြင်တွေက လင်းလိုက်မှောင်လိုက်နဲ့ အချိုးညီညီ မြင်တွေ့ရမှာ ဖြစ်ပါတယ်။
တကယ့်ကို သွေးကွက်တိကျတဲ့ အကောင်းဆုံးဆိုတဲ့ စိန်တွေမှာ အလင်းနဲ့အမှောင်ကို စိန်မျက်နှာပြင်က ကြည့်ရင် ပုံမှာပြထားတဲ့အတိုင်း မြှားပုံစံလေးတွေနဲ့ မြင်ရမှာဖြစ်ပြီး၊ စိန်ချွန်းဖက်က ကြည့်ရင်တော့ အသည်းပုံစံလေးတွေနဲ့ မြင်ရမှာ ဖြစ်ပါတယ်။
Grand Diamonds မှာပဲ ဖြစ်ဖြစ်၊ တစ်ခြားဆိုင်မှာပဲ ဖြစ်ဖြစ် စိန်ဝယ်မယ်ဆိုရင် ဝယ်ယူမယ့်စိန်တစ်ပွင့်ကို ဇဂနာလေးနဲ့ ကိုင်ပြီး (၁၀) ဆ ချဲ့ကြည့်မှန်ဘီလူးနဲ့ 6500 Kelvin ရှိ မီးအဖြုအောက်မှာ စိန်ကို လှုပ်ပြီးကြည့်ကြည့်ပါ။
တောက်ပမှု Brilliance၊ မီးအားကောင်းမှု Fire နဲ့ ခုပြောခဲ့တဲ့ အလင်းအမှောင် အချိုးညီမှု Scintillation ကို သေချာစွာ စစ်ဆေးပြီး အကောင်းဆုံး cutting သွေးကွက်ပါတဲ့စိန်ကို ဝယ်ယူမှ မိမိပေးရတဲ့ ပိုက်ဆံနဲ့ ထိုက်တန်တဲ့ စိန်တစ်ပွင့်ရဲ့လှပမှုကို အပြည့်အဝ ရရှိနိုင်မှာ ဖြစ်ပါတယ်။ .

