💎 … “စိန်ပွင့်တွေရဲ့ မတူညီသော ပုံစံ (၉) မျိုးရဲ့ ထူးခြားမှုများ” … 💎

အခုနောက်ပိုင်းခေတ်တွေမှာ စိန်ထည်ပစ္စည်းတွေကို လူကြိုက်များလာကြပေမယ့် စိန်လေးတွေက ဘယ်လိုဘယ်ပုံစံ ရှိကြတယ်ဆိုတာကို သင်တို့ သတိမထားမိကြတာတော့ အမှန်ပါပဲနော် …

စိန်ပုံစံလေးတွေအမျိုးမျိုးရှိတဲ့ အထဲမှာမှ အဝိုင်းပုံစံ၊ လေးထောင့်ပုံစံ၊ ဘဲဥပုံစံလေး တွေလောက်ပဲ သင်တို့ အနေနဲ့ သိမယ်လို့ထင်ပါတယ် တကယ်တော့ မတူညီတဲ့ စိန်ပုံစံလေးတွေများစွာရှိနေပါသေးတယ် အဲ့ဒါတွေကတော့

1. Round 2. Princess 3.Cushion 4. Emerald 5. Pear 6. Radiant 7.Marquise 8.Oval 9. Heart တို့ပဲဖြစ်ပါတယ် …

ဒီထဲမှာမှ ထူးခြားတဲ့ စိန်ပုံစံလေးတွေအကြောင်းကိုပြောပြပေးသွားပါမယ်နော်

💎 Round Brilliant Cut Diamonds ~~~~~~~~~~~~~~~~~~~~~~~ ဒီစိန်ပုံစံလေးကတော့ ရေပန်းအစားဆုံး စိန်ပုံစံလေးပဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်က စိန်ဖြတ်တဲ့သူတွေကနေ ဒီပုံစံလေးကို အလွန့်အလွန်ထူးခြားပြောင်မြောက်အောင်ဖန်တီးခဲ့ကြတာပဲဖြစ်ပါတယ်။

💎 Princess-Cut Diamonds ~~~~~~~~~~~~~~~~~~ Princess-Cut စိန်ပုံစံလေးတွေကိုတော့ ပိုမိုထူးခြားသွားအောင် စတုရန်းပုံ နှင့် ထောင့်မှန်စတုဂံပုံစံအရောလေးကို ဖန်တီးထားတာပဲဖြစ်ပြီး အရမ်းထူးခြားပြီး ပြိုင်ဘက်ကင်းတဲ့ ပုံစံလေးပဲဖြစ်ပါတယ်။

💎 Marquise-Cut Diamonds ~~~~~~~~~~~~~~~~~~~ Marquise-Cut Diamonds ပုံစံလေးကိုတော့ စိန်အရွယ်အစားကို အထူးအလေးပေးချင်တဲ့ အခါမျိုးမှာ သုံးသင့်တဲ့ အကောင်းဆုံး ပုံစံလေးပဲဖြစ်ပါတယ်။

💎 Cushion-Cut Diamonds ~~~~~~~~~~~~~~~~~~ Cushion-Cut Diamonds ပုံစံလေးတွေကလည်း ပြောစရာမရှိအောင်တောက်ပြောင်နေဖို့ နှင့် ကြည်လင်ပြတ်သားစွာ လှပနေဖို့အတွက်တော့ အကောင်းဆုံးပါပဲ။

💎 Pear-Shaped Diamonds ~~~~~~~~~~~~~~~~~~ Pear-Shaped Diamonds ပုံစံလေးရဲ့ ထူးခြားချက်ကတော့ သူ့ပုံစံလေးက မျက်ရည်စက်ပုံ ဆန်းဆန်းလေးဖြစ်နေတာပါပဲ။

💎 Oval Diamonds ~~~~~~~~~~~~ Oval Diamonds လေးတွေက Round Brilliant Cut Diamonds ပုံစံလေးတွေနဲ့ ဆင်တူနေပြီးတော့ Oval Diamonds ပုံစံလေးတွေက အထူးသဖြင့် အခြားသော လက်ဝတ်ရတနာတွေနဲ့ ဆင်မြန်းဝတ်ဆင်မယ်ဆိုလည်း အဆင်အပြေဆုံး ပုံစံလေးပဲဖြစ်ပါတယ်နော်။ မိတ်ဆွေတို့ရေ စိန်ပုံစံလေးတွေက မတူညီပေမယ့်လည်း သူရဲ့ တန်ဖိုး နဲ့ တောက်ပပေးနိုင်မယ့် အလှတရားကတော့ အတူတူပါပဲနော် …💕

ဒါတွေကတော့ Grand Diamonds မှ လူကြီးမင်းတို့အတွက် စိန်တွေအကြောင်း သိထားသင့်တာလေးတွေကို ဖော်ပြပေးသွားတာပဲဖြစ်ပါတယ်ရှင် …🥰

Leave a Reply