စိန်တွေက ကွဲတတ်လား ❓

လူအများစုမေးလေ့ရှိကြတဲ့ စိန်တွေက ကွဲတတ်လား ဘာလို့ကွဲရတာလဲ သူရဲ့ မာဆင့်ကအမြင့်ဆုံးလေ ဒီလိုမေးခွန်းတွေအတွက် အဖြေတွေကို ဒီနေ့ရဲ့ Knowledge Post လေးထဲမှာရှင်းပြပေးပါ့မယ် … 🤩

စိန်တွေက အမာကြောဆုံး Material တစ်မျိုးဖြစ်ပါတယ် ဘယ်လောက်ပဲ မာကြောတဲ့ အရာဖြစ်ပါစေ အားနည်းချက်တွေကတော့ရှိတတ်ကြပါတယ် ပထမဦးစွာ ပျက်ဆီးနိုင်တာကိုမပြောခင် ဘာလို့အမာကြောဆုံးဖြစ်လဲဆိုတာအရင်ပြောရမှာပါ။

စိန်တွေဘာလို့မာကြောလဲဆိုရင် သူ့ရဲ့အတွင်းထဲက Carbon Atom တွေရဲ့ Chemical Structure တွေရဲ့ဖွဲ့စည်းပုံကြောင့်ပဲဖြစ်ပါတယ် နောက်တစ်နည်းပြောရရင် Covalent Bond လို့ခေါ်ပါတယ် သူတို့ရဲ့လက်ချင်းချိတ်ထားတဲ့ ဖွဲ့စည်းပုံကြောင့် တစ်ခုခုကဝင်ရောက် ခွဲဖြတ်တဲ့ အခြေအနေတွေမှာ External Force ကသက်ရောက်သွားနိုင်တဲ့ အလွယ်တကူမပြုတ်နိုင် မဖြိုနိုင်တဲ့အလွှာတွေအများကြီးစုသွားတာကြော စိန်ပွင့်တွေရဲ့ နဂိုပုံစံကို ဖြစ်ပေါ်လာပါတယ် … ‼️

ဒီလို စိန်တွေရဲ့မျက်နှာပြင်မှာလည်း အမာကြောဆုံးနေရာတွေနဲ့ မာကြောမှုအားအနည်းဆုံး (Cleavage) ဆိုတဲ့ နေရာတွေလည်းရှိတတ်ကြပါတယ် ဒီလိုအားနည်းတတ်တဲ့နေရာတွေကိုရုတ်တရက် ဝတ်ဆင်လျက် တိုက်မိတာဖြစ်ဖြစ် လွတ်ကျသွားတာပဲဖြစ်ဖြစ် အဲ့ဒီစိန်ပွင့်က ကွဲသွားနိုင်ချေတွေလည်းရှိနိုင်ပါတယ်။ GIA ဘက်ကတရားဝင်ထုတ်ပြန်ထားတဲ့ အချက်မှာလည်း “𝐃𝐢𝐚𝐦𝐨𝐧𝐝 𝐚𝐫𝐞 𝐭𝐡𝐞 𝐡𝐚𝐫𝐝𝐞𝐬𝐭 𝐦𝐚𝐭𝐞𝐫𝐢𝐚𝐥 𝐛𝐮𝐭 𝐭𝐡𝐞𝐲 𝐚𝐫𝐞𝐧’𝐭 𝐢𝐧𝐝𝐞𝐬𝐭𝐫𝐮𝐜𝐭𝐢𝐛𝐥𝐞” ဆိုလိုတာက စိန်ဆိုတာ အမာကျောဆုံး ကျောက်မျက် ဆိုတာဟုတ်တယ် ဒါပေမယ့် မပျက်စီးနိုင်ဘူးဆိုတာတော့မဟုတ်ဘူးဆိုပြီးရှင်းပြပေးထားပါတယ် …. 💎✨

အကျိုးရှိမယ်လို့ယုံကြည်ပါတယ် လှပပြီးအဖိုးနဲ့ ထိုက်တန်တဲ့ရတနာတွေလူတိုင်း ပိုင်ဆိုင်နိုင်ပါစေ နောက်အပတ်တွေမှာလည်း စိတ်ဝင်စားဖို့ကောင်းတဲ့ ဘယ်လို Knowledge တွေ Sharing လုပ်ပေးမလဲဆိုတာသိရအောင် “𝐆𝐫𝐚𝐧𝐝 𝐃𝐢𝐚𝐦𝐨𝐧𝐝𝐬” ကို Follow ထားလိုက်တော့နော် … 🥰

Leave a Reply