စိန်တွေမှာ အရောင်ရှိလား 💎❓

ဒီနေ့ရဲ့ Knowledge Post လေးထဲမှာတော့ စိန်ဝယ်ယူဖို့ စဥ်းစားနေတဲ့ လူကြီးမင်းတို့အတွက် အကျိုးရှိစေမယ့် စိန်တွေရဲ့ အရောင်တွေအကြောင်းကို ရှင်းပြပေးသွားပါမယ်နော်။

စိန်အရောင်အမျိုးအစားအလိုက် D to Z ဆိုပြီးရှိပါတယ် ဒါတွေကတော့ – D to F – အရောင်မဲ့စိန် (တစ်နည်းပြောရရင်တော့ အဖြူရောင်စိန် သန့်သန့်လေး) G to J – အရောင်အနည်းငယ်မျှပါတဲ့စိန် နဲ့ K to Z – အဝါရောင်ဖောက်တဲ့စိန် (စကားအရပြောမယ်ဆို အဆီအနည်းငယ်ပေါက်တဲ့ စိန်) တို့ပဲဖြစ်ပါတယ်။

စိန်အရောင်အသွေး ပေါ်လွင်စေဖို့အတွက်ဆိုရင် သင့်အနေနဲ့ စဉ်းစားရမှာက ၁ carat မကျော်တဲ့ စိန်ထည်ကို ရွေးချယ်လိုက်ပီဆိုရင် သင့်အနေနဲ့ G to J အမျိုးအစားကို ရွှေးချယ်သင့်ပါတယ် … 💁‍♀️✨

အကယ်လို့များ သင်က ၁ carat ကျော်တဲ့ စိန်ထည် လက်ဝတ်ရတနာကို ဝယ်ယူတော့မယ် ဒါမှမဟုတ် ပြုလုပ်တော့မယ် ဆိုရင် D to F အမျိုးအစား အရောင်မပါတဲ့ စိန်ဖြူသန့်သန့်လေးတွေကို ရွေးချယ်မယ်ဆို ပိုကောင်းပါလိမ့်မယ် အကြောင်းကတော့ အရောင်မပါတဲ့ စိန်ဖြူလေးတွေက ပိုပြီးတော့ တောက်တောက်ပပဖြစ်စေပြီး လူတွေရဲ့ အာရုံစိုက်မှုကိုလည်း အပြည့်အဝရမှာ အသေအချာပါပဲနော် … 🥰

စိန်အရောင်တွေထဲမှာမှ အဖြူရောင် (အရောင်မဲ့) စိန်ထည်လေးတွေကို လူကြိုက်များကြတာ တွေ့ရတတ်ပေမယ့်လည်း လူငယ်ပိုင်းလေးတွေ အနေနဲ့ကတော့ ဆန်းသစ်တဲ့ ပန်းရောင်၊ အဝါရောင်၊ အပြာရောင်စတဲ့ fancy color diamonds လေးတွေကိုလည်း ကြိုက်တတ်ကြပါတယ်။

ဒါလေးတွေကတော့ စိန်ဝယ်တော့မယ်ဆိုရင် ရွေးချယ်သင့်တဲ့ အရောင်အကြောင်းလေးတွေက ဘာတွေဖြစ်မလဲဆိုတာကို “𝐆𝐫𝐚𝐧𝐝 𝐃𝐢𝐚𝐦𝐨𝐧𝐝𝐬” မှ သင်တို့အတွက် ပြန်လည်ဝေမျှသွားပေးတာပဲဖြစ်ပါတယ်ရှင့်။ “𝐆𝐫𝐚𝐧𝐝 𝐃𝐢𝐚𝐦𝐨𝐧𝐝𝐬” စိန်တိုက်မှာဆိုရင်လည်း DEF နဲ့ GHI အမျိုးအစားတွေဖြစ်တဲ့ စိန်ထည်သန့်သန့်လေးတွေကို ရောင်းချပေးနေတာမလို့ စိတ်ချလက်ချနဲ့သာ ဆိုင်ကိုလှမ်းလာလိုက်ကြတော့နော် … 💁‍♀️✨

Leave a Reply