စိန်တွေ Colour သတ်မှတ်ချက် တူပြီး တောက်ပမှု ဘာလို့ မတူရသလဲ 💎❓

စိန်တွေရဲ့ အရည်အသွေးနဲ့ တန်ဖိုးကို နှိုင်းယှဉ်ကြရင် လူတိုင်းသိနေပြီး ဖြစ်တဲ့ 4Cs နဲ့ တိုင်းတာကြပါတယ်။ ထိုနှိုင်းယှဉ်ချက်တွေ နောက်ကွယ်ကဖြစ်တဲ့ စိန်ရဲ့ အလှအပကို ဖော်ဆောင်ပေးတဲ့ တောက်ပမှုကိုတော့ ကျွန်တော်တို့ အများစု လစ်လျှူရှုမိတတ်ကြပါတယ်။

စိန်ရဲ့ တောက်ပမှု ကောင်းမကောင်းဆိုတာကတော့ လေထဲကလာတဲ့ အလင်းတန်းတွေ စိန်တစ်ပွင့်ရဲ့ မျက်နှာပြင်ကို ထိတွေ့ပြီးနောက် မျက်နှာပြင်မှ အလင်းပြန်နိုင်အား Reflection နှင့် မျက်နှာပြင်အတွင်းသို့ ဝင်ရောက်လာသော အလင်းတန်းများ အလင်းယိုင်နိုင်အား Refraction တို့ကို တိုင်းတာရတာဖြစ်ပါတယ်။ ထိုသို့ စိန်တစ်ပွင့်ရဲ့ အတွင်းရော၊ အပြင်ပါ ပေါင်းပြီး အလင်းပြန်ခြင်းကြောင့် စိန်တစ်ပွင့်ကို ကြည့်တဲ့အခါ တဖျတ်ဖျတ်နဲ့ တောက်ပမှုတွေ ကျွန်တော်တို့ မြင်တွေ့ရခြင်း ဖြစ်ပါတယ်။

စိန်တစ်ပွင့်ရဲ့ တောက်ပမှုကို ဖြစ်စေတာကတော့ 4Cs ထဲက အဓိက လူတို့လုပ်ယူလို့ရတဲ့ Cut သွေးကွက်ပုံဖော်မှုကြောင့်ပဲ ဖြစ်ပါတယ်။ သွေးကွက်ကောင်းရင် ကောင်းသလောက် စိန်ရဲ့ တောက်ပအားကောင်းမွန်မှာ ဖြစ်ပါတယ်။

စိန်တွေရဲ့ သွေးကွက်တွေကို အဆင့်သတ်မှတ်ရမှာတော့ Excellent, Very Good, Good, Fair and Poor ဆိုပြီး အဆင့် ၅ ဆင့်ရှိပါတယ်။ မည်သည့်စိန်ကိုပဲ ဝယ်ဝယ် 4Cs ထဲက Colour, Clarity နဲ့ Carat ကတော့ မိမိတို့ သတ်မှတ်ထားတဲ့ စျေးတန်းကို မျှော်မှန်းပြီး အတိုးအလျှော့ပြုလုပ်ရမှာ ဖြစ်ပြီး၊ Cutting အနေနဲ့ကတော့ Excellent ကိုပဲ ဝယ်ယူသင့်တာ ဖြစ်ပါတယ်။ သို့မှသာ မည်သို့သော အရောင်၊ ဆိုဒ် ရှိရှိ ဝယ်ယူသမျှစိန်တိုင်းက တစ်ပွင့်ချင်းစီရဲ့ပြည့်ဝတဲ့ တောက်ပမှု အကောင်းဆုံးကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

Grand Diamonds စိန်တိုက်မှလည်း ဝယ်သူတစ်ဦးချင်းစီအတွက် သင့်လျော်မယ့် စိန်များကို Excellent cutting ဖြင့်အာမခံ ရောင်းချပေးနေတာ ဖြစ်တဲ့အတွက် ယုံကြည်စိတ်ချစွာနဲ့ ဝယ်ယူနိုင်ကြပါပြီ။

Leave a Reply