စိန်တွေကိုချစ်တယ်ရင် မသိမဖြစ်သိထားသင့်တဲ့…𝐀𝐧𝐚𝐭𝐨𝐦𝐲 𝐨𝐟 𝐃𝐢𝐚𝐦𝐨𝐧𝐝 💎

မင်္ဂလာပါရှင့်…ဒီနေ့မှာ စိန်ချစ်သူတို့ကို ပြောပြပေးချင်တဲ့အကြောင်းအရာလေးကတော့ အခြေခံအချက်လေးတစ်ခုဖြစ်တဲ့ 𝐀𝐧𝐚𝐭𝐨𝐦𝐲 𝐨𝐟 𝐃𝐢𝐚𝐦𝐨𝐧𝐝 အကြောင်းလေးပဲဖြစ်ပါတယ်။

Round Brilliant စိန်ပွင့်တစ်ပွင့်မှာဆိုရင် Crown, Girdle, Pavilion ဆိုပြီး အဓိက အစိတ်အပိုင်း (3) ပိုင်း ပါရှိပါတယ် ။ ⬆️ Crown – စိန်တစ်ပွင့်ရဲ့ အပေါ်ပိုင်း 💎 Girdle – အလယ်ဝင်ရိုး ⬇️ Pavilion – စိန်တစ်ပွင့်ရဲ့ အောက်ပိုင်းတို့ပဲ ဖြစ်ကြပါတယ်။

Crown ပိုင်းမှာမှ ထပ်ပါဝင်တဲ့ အစိတ်အပိုင်းတွေကတော့… Table – မျက်နှာပြင် Bazel Facet – Table နှင့် Girdle ကို ထိစပ်နေသော စွန်ပုံစံ အစိတ်အပိုင်း Star Facet – Table နှင့် Bazel Facet ကို ထိစပ်နေသော အနားသုံးနားပါ အစိတ်အပိုင်း Upper Half Facet – Girdle နှင့် Bazel Facet ကို ထိစပ်နေသော အနားသုံးနားပါ အစိတ်အပိုင်း

Pavillon ပိုင်းမှာမှ ထပ်ပါဝင်တဲ့ အစိတ်အပိုင်းတွေကတော့ Culet – စိန်တစ်ပွင့်ရဲ့ အောက်ပိုင်းမှ အသေးဆုံးချွန်းအပိုင်း Pavilion Main Facet – Culet နှင့် Girdle ကို ထိစပ်နေသော စွန်ပုံစံ အစိတ်အပိုင်း Lower Half Facet – Girdle နှင့် Pavilion Main Facet ကို ထိစပ်နေသော အနားသုံးနားပါ အစိတ်အပိုင်း

ဒီအခြေခံ အစိတ်အပိုင်းတွေကို ဘာလို့သိထားသင့်လဲဆိုတော့… စိန်တစ်ပွင့်လှပမှုကို ထင်ဟပ်စေတဲ့ အဓိကအစိတ်အပိုင်းတွေဖြစ်တာမို့လို့ သိထားတယ်ဆိုရင် တကယ့်ကို အကျိုးရှိစေမှာပါ။

နောက်ပိုင်းတွေမှာလည်း ဒီ့ထက်စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာတွေကို စိန်ချစ်သူတို့ကို ပြောပြပေးသွားဦးမှာမို့လို့ “Page” လေးကို အမြဲမပြတ် စောင့်ကြည့်ပေးကြပါဦးနော် ။ 🙆🏼‍♀️ အသေးစိတ်သိရှိလိုပါက Page Messenger (သို့) ဖုန်းဆက်ပြီးတော့လည်း မေးမြန်းနိုင်သလို ဆိုင်ကို ကိုယ်တိုင်လာရောက်၍လည်း ဝယ်ယူနိုင်ပါပြီနော်…..🥰

Leave a Reply